top of page
Search

အန်ဆယ်လော့တီယူဆောင်လာတဲ့ မာဆေးဆိုဒ်မှရွှေရောင်အိမ်မက်များ ===============

  • Writer: Soccer House
    Soccer House
  • Oct 2, 2020
  • 1 min read

လက်ရှိဘောလုံးရာသီပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲယှဉ်ပြိုင်ကစားထားပီးချိန်မှာ သုံးပွဲလုံးအနိုင်ရရှိထားတဲ့အသင်းသုံးသင်းသာရှိပီးတော့ အဲ့ဒီအသင်းတွေကတော့လီဗာပူး၊ လက်စတာ၊ အဲဗာတန်တို့ဘဲဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့လက်ရှိနည်းပြအန်ဆယ်လော့တီဟာ ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်တယ်ဆိုတာကို အေစီမီလန်၊ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ သက်သေပြခဲ့ပီးသားဖြစ်သလို အခြားထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ချယ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ နာပိုလီတို့ကိုလဲကိုင်တွယ်ခဲ့တဲ့အတွေ့ကြုံရှိတဲ့ဝါရင့်နည်းပြတစ်ယောက်ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာမနှစ်ကရာသီ၀က်မှာ အဲဗာတန်နည်းပြအဖြစ်ခန့်အပ်ခံရတာဖြစ်ပီး လက်ရှိရာသီမှာတော့ အဲဗာတန်အသင်းဟာဥရောပ၀င်ခွင့်တစ်နေရာအတွက်တိုက်ပွဲ၀င်သွားဖို့ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်ထားပါတယ်။ အန်ဆယ်လော့တီရဲ့တပည့်ဟောင်းတွေဖြစ်တဲ့ ရီးရဲလ်ကဂျိမ်းရိုဒရီဂွတ်၊ နာပိုလီကအယ်လန်တို့ကိုခေါယူခဲ့သလို ၀က်ဖို့ဒ်မှာခြေစွမ်းပြနေတဲ့ Doucoureလဲအရခေါယူနိုင်ခဲ့ပါတယ်။ ခေါယူခဲ့တဲ့ကစားသမားသုံးယောက်လုံးဟာ ကွင်းလယ်ကစားကမားတွေဖြစ်တာကြောင့် အဲဗာတန်အသင်းရဲ့ကွင်းလယ်အစုအဖွဲ့ဟာပိုမိုကျစ်လစ်တောင့်တင်းလာပီး ပီးခဲ့တဲ့ရာသီနဲ့ကွဲပြားခြားနားတဲ့အစုအဖွဲ့ကိုမြင်တွေ့လာရပါတယ်။ အယ်လန်ဟာကွင်းလယ်အဖျတ်ပိုင်းမှာစိတ်ချရသလို Doucoureကလဲကွင်းလယ်မှာ နေရာလွတ်တွေကိုမမောမပန်းဘဲလိုက်ဖြည့်ကစားပေးနိုင်တဲ့ Hard-runningကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ရော်နယ်ကိုးလ်မန်းကိုင်တွယ်စဉ်ကတည်းကခေါယူချင်ခဲ့တဲ့ ဂျိမ်းရိုဒရီဂွတ်ဟာလဲ NO-10 Roleမှာကောင်းမွန်စွာကစားနိုင်တဲ့ ဘောလုံးဦးနှောက်ရှိတဲ့ကစားသမားတစ်ယောက်ဆိုတာကို မိုနာကို၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့မှာ သက်သေပြခဲ့ပီးသားဖြစ်ပါတယ်။ ဒါကြောင့်အဲဗာတန်အသင်းရဲ့ကွင်းလယ်အစုအဖွဲ့ဟာ ပြီးခဲ့တဲ့ရာသီကထက်ပိုမိုတောင့်တင်းလာခဲ့တာလဲဖြစ်ပါတယ်။

Formation & Line-up

=================

4-4-2 Formationဟာ အန်ဆယ်လော့တီရဲ့စိတ်ကြိုက်ကစားကွက်ဖြစ်ပီးတော့ဒီကစားကွက်ဟာ အဲဗာတန်အသင်းရဲ့တိုက်စစ်အတွဲဖြစ်တဲ့ ရစ်ချာလီဆင်နဲ့ Calvert-Lewinအတွက်လုံး၀ကိုအံ၀င်ကွင်ကျဖြစ်ပီးတော့တိုက်စစ်လိုက်ရာမှာအားသန်တဲ့ဘယ်တောင်ပံခံစစ်သမားDigneအတွက်လဲတိုက်စစ်ကိုပိုမိုလိုက်ပါနိုင်ပါတယ်။ မနှစ်ကအသုံးပြုခဲ့တဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆီဂတ်ဆန်၊ ဂိုမက်ဇ်၊ တွမ်ဒေဗီးတို့ထဲမှာဘောလုံးကိုင်ကစားနိုင်တဲ့ကစားသမားပါ၀င်ခြင်းမရှိတာကြောင့် ခံစစ်ကိုကူညီနိုင်မှုလျော့နည်းခဲ့ပါတယ်။ ခံစစ်ကူနိုင်တဲ့ Gbaminဟာလဲမကြာခဏဒဏ်ရာရရှိတက်တဲ့ကစားသမားဖြစ်တာကြောင့်ပြီးခဲ့တဲ့ရာသီအဲဗာတန်အသင်းရဲ့ကွင်းလယ်ဟာတောင့်တင်းမှုမရှိဘဲခံစစ်ကူနိုင်စွမ်းအားနည်းခဲ့တာကိုတွေ့ရပါတယ်။ ဒီပြသနာကိုဖြေရှင်းဖို့အန်ဆယ်လော့တီဟာသူတပည့်ဟောင်းတွေကိုခေါယူခဲ့တာဖြစ်ပီးအယ်လန်ဟာခံစစ်ကူနိုင်စွမ်းမြင့်မားတဲ့ကွင်းလယ်အဖျတ်ကစားသမားတစ်ယောက်ဖြစ်သလိုညာတောင်ပံခံစစ်မှာလဲကစားနိုင်ပါတယ်။ ခံစစ်ကစားသမားတွေကတော့ပြီးခဲ့တဲ့ရာသီကအစုအဖွဲ့တိုင်းDigne၊ မီနာ၊ ဟိုးဂိတ်၊ ကိုးလ်မန်းတို့ကိုဘဲအသုံးပြုပီး လိုအပ်ရင်မိုက်ကယ်ကိန်း၊ Branthwaite၊ Kennyတို့လဲရှိနေပါတယ်။တိုက်စစ်နဲ့ကွင်းလယ်မှာအခြားရွေးချယ်စရာကစားသမားများကတော့ဝဲကော့၊ Tosun၊ မွိုက်ဆီကိန်း၊ ရာမီးရက်ဇ်၊ Iwobi၊ ဆီဂတ်တန်၊ ဘားနတ်၊ Delphတို့လိုကစားသမားတွေရှိနေပါတယ်။

Key Players

=========

အန်ဆယ်လော့တီဟာရီးရဲလ်မက်ဒရစ်မှာအောင်မြင်ခဲ့တဲ့BBCတိုက်စစ်အတွဲလိုအဲဗာတန်အသင်းမှာဖော်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ရစ်ချာလီဆင်၊ Calvert-Lewin၊ ဂျိမ်းရိုဒရီဂွတ်တို့ဟာအဲဗာတန်ရဲ့BBCဖြစ်လာမှာဖြစ်ပီးတော့ လက်ရှိအချိန်မှာတော့သုံးယောက်လုံးဟာခြေစွမ်းပြသနေနိုင်ပါတယ်။ ရစ်ချာလီဆင်ဟာဒီရာသီမှာပရီးမီးယားလိဂ်သုံးပွဲလုံးပွဲထွက်ပါ၀င်ကစားထားပီး တစ်ဂိုးသွင်းကာနှစ်ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ မနှစ်ရာသီမှာလဲပရီးမီးယားလိဂ်မှာ36ပွဲပါ၀င်ကစားပီး13ဂိုးသွင်းကာအဲဗာတန်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ထိပ်တန်းအသင်းကြီးတွေရဲ့စိတ်၀င်စားမှုရရှိခဲ့ပေမဲ့အဲဗာတန်အသင်းဟာအဆိုပါကစားသမားကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ Calvert-Lewinကတော့ ဒီရာသီမှာသိသိသာသာတိုးတက်လာခဲ့ပီး ပရီးမီးယားလိဂ်သုံးပွဲမှာငါးဂိုးသွင်းယူနိုင်တဲ့အထိခြေစွမ်းပြနေပါတယ်။ အဆိုပါကစားသမားရဲ့ခြေစွမ်းပြမှုကြောင့်အဲဗာတန်အသင်းတွက်သာမက အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါကောင်းကျိုးတွေရရှိစေမှာလဲဖြစ်ပါတယ်။ ဂျိမ်းရိုဒရီဂွတ်ဟာလဲအင်္ဂလန်ကစားဟန်နဲ့လျှင်လျှင်မြန်မြန်အထိုင်ကျကာသူ့ကိုအားကိုးလွန်းတဲ့အန်ဆယ်‌လော့တီကိုစိတ်မပျက်စေခဲ့ပါဖူး။

ပရီးမီးယားလိဂ်သုံးပွဲလုံးပွဲထွက်ပါ၀င်ကစားထားပီးတစ်ဂိုးသွင်းတစ်ဂိုးဖန်တီးပေးထားပါတယ်။ အန်ဒရီဂိုမက်ဇ်ဟာလဲဒီရာသီမှာအယ်လန်၊ Doucoureတို့ရောက်ရှိလာမှုကြောင့်ကွင်းလယ်မှာပိုမိုလွတ်လွတ်လပ်လပ်ကစားခွင့်ရရှိလာပီးခြေစွမ်းပြနေနိုင်ပါတယ်။

အနှစ်ချုပ်

=======

အဲဗာတန်အသင်းဟာဒီရာသီမှာပြိုင်ပွဲစုံခြောက်ပွဲယှဉ်ပြိုင်ကစားထားပီးခြောက်ပွဲလုံးအနိုင်ရရှိထားကာစပါးအသင်းနဲ့ပွဲကလွဲလို့ကျန်တဲ့ပွဲတွေမှာနှစ်ဂိုးနဲ့အထက်သွင်းယူထားတာဖြစ်ပါတယ်။ အန်ဆယ်လော့တီလိုအတွေ့အကြုံရှိဝါရင့်နည်းပြတစ်ယောက်ရဲ့ဦးဆောင်မှု‌အောက်မှာလူငယ်တွေနဲ့အတွေ့ကြုံရှိကစားသမားတွေအချိုးညီညီပေါင်းစပ်ထားတဲ့လူစာရင်းကိုပိုင်ဆိုင်ထားတဲ့အဲဗာတန်အသင်းဟာထိပ်တန်းအသင်းကြီးတွေကိုပါအခက်တွေ့စေနိုင်မယ်ဆိုတာစပါးနဲ့ပွဲကသက်သေပါဘဲ။ ဥရောပ၀င်ခွင့်တစ်နေရာအတွက်အဓိကထားယှဉ်ပြိုင်လာမှာဖြစ်ပီးမာဆေးဆိုဒ်ဒါဘီဟာလဲအရင်ကထက်ပိုမိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာတော့မှာဖြစ်ပါတယ်။

@ThiHa

အန်ဆယ်လော့တီယူဆောင်လာတဲ့ မာဆေးဆိုဒ်မှရွှေရောင်အိမ်မက်များ

===============

Comments

Post: Blog2_Post

Follow

  • Facebook
  • Twitter
  • LinkedIn

©2020 by Soccer House. Proudly created with Wix.com

bottom of page