စတန်းဖို့ဘရစ်ခ်ျမှာ အနိုင်သုံးမှတ်ရယူသွားမဲ့ချယ်ဆီး
- Soccer House

- Oct 3, 2020
- 1 min read
အောက်တိုဘာလ၃ရက်နေ့ညနေ၆နာရီမှာပရီးမီးယားလိဂ်ပွဲစဉ်၄အဖြစ်ချယ်ဆီးအသင်းကအိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ခ်ျမှာ ခရစ်စတယ်ပဲလေ့စ်အသင်းကိုဧည့်ခံကစားသွားမှာဖြစ်ပါတယ်။ဒီရာသီချယ်ဆီးအသင်းရဲ့လူအင်အားဖြည့်တင်းမှုတွေကြောင့် ပရိသတ်တွေရဲ့မျှော်လင့်ချက်ကြီးမားလာခဲ့ပေမဲ့ လုံလောက်တဲ့စွမ်းဆောင်ရည်ထုတ်ပြနိုင်ခြင်းမရှိသေးတာကြောင့် လမ်းပတ်ရဲ့ချယ်ဆီးအသင်းဟာဝေဖန်မှုတွေခံနေရပါတယ်။ လူစုံပွဲထုတ်လို့မရသေးတာကြောင့်လို့အကြောင်းပြချက်ပေးလို့ရပေမဲ့ အနိုင်ရရှိသင့်တဲ့ပွဲတွေမှာအနိုင်မယူနိုင်ခဲ့တာကတော့ လမ်းပတ်ရဲ့နည်းစနစ်ပိုင်းလိုအပ်ချက်ကိုဘဲအပြစ်တင်ရမှာဖြစ်ပါတယ်။

ချယ်ဆီးကဒီရာသီမှာယှဉ်ပြိုင်ကစားထားခဲ့တဲ့ပရီးမီးယားလိဂ်သုံးပွဲမှာ တစ်ပွဲနိုင်တစ်ပွဲသရေတစ်ပွဲရှုံးနိမ့်ထားပြီး လီဗာပူးကိုရှုံးနိမ့်တာကိုလက်ခံလို့ရပေမဲ့ ၀က်စ်ဘရွန်းလိုအသင်းမျိုးကိုနောက်ကလိုက်ကစားပီးသရေရလဒ်သာရယူနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့်တည်ငြိမ်မှုမရှိသေးတာကိုမြင်တွေ့နိုင်ပါတယ်။ယခုပွဲစဉ်မှာတော့အမှားခံမရတာကြောင့်လမ်းပတ်အနေနဲ့သေချာပြင်ဆင်လာမှာဖြစ်သလို ဇီယက်ခ်ျကလွဲကျန်အဓိကကစားသမားအစုံအလင်ပါ၀င်လာနိုင်မှာဖြစ်ပီး ပူလီဆစ်ကတော့ပွဲထွက်ကစားသမားအဖြစ်မဟုတ်တောင်ဒုတိယပိုင်းလောက်မြင်တွေ့နိုင်မှာပါ။

ခရစ်ပဲလေ့စ်အသင်းကတော့ပရီးယားလိဂ်သုံးပွဲယှဉ်ပြိုင်ကစားပီးချိန်မှာ ဒီရာသီခြေတက်နေတဲ့အဲဗာတန်အသင်းကိုရှုံးနိမ့်ခဲ့ပီး ဆောက်သမ်တန်နဲ့မန်ယူအသင်းတို့ကိုအနိုင်ယူနိုင်ခဲ့တာကိုကြည့်ခြင်အားဖြင့် ချယ်ဆီးအနေနဲ့ပေါ့ဆလို့မရတာကတော့အသေအချာပါဘဲ။ ဇာဟာ၊ တောင်းဆန့်တို့လိုကစားသမားတွေပိုင်ဆိုင်ထားပီးအသင်းလိုက်ကစားအားလဲကောင်းမွန်တာကြောင့် ချယ်ဆီးအနေနဲ့ပေါ့ဆခဲ့ရင် ခံစားသွားရမှာဖြစ်ပါတယ်။

အိမ်ကွင်းလဲဖြစ် မဖြစ်မနေအနိုင်ရရှိဖို့ကလဲလိုအပ်နေတာကြောင့် ချယ်ဆီးအနေနဲ့သေချာဂရုစိုက်ကစားလာမှာဖြစ်ပီး ခံစစ်ကအမှားအယွင်းနည်းနည်းနဲ့ကစားနိုင်ခဲ့မယ်ဆိုရင်လမ်းပတ်အတွက်အသက်ရှုချောင်စေမဲ့ အနိုင်သုံးမှတ်ကိုသေချာပေါက်ရယူနိုင်မှာဖြစ်ပါတယ်။
ပွဲပြီးခန့်မှန်းရလဒ်.......
ချယ်ဆီး 2-0 ခရစ်စတယ်ပဲလေ့ခ်ျ
@ThiHa
စတန္းဖို႔ဘရစ္ခ်္မွာ အႏိုင္သုံးမွတ္ရယူသြားမဲ့ခ်ယ္ဆီး
ေအာက္တိုဘာလ၃ရက္ေန႔ညေန၆နာရီမွာပရီးမီးယားလိဂ္ပြဲစဥ္၄အျဖစ္ခ်ယ္ဆီးအသင္းကအိမ္ကြင္းစတန္းဖို႔ဒ္ဘရစ္ခ်္မွာ ခရစ္စတယ္ပဲေလ့စ္အသင္းကိုဧည့္ခံကစားသြားမွာျဖစ္ပါတယ္။ဒီရာသီခ်ယ္ဆီးအသင္းရဲ႕လူအင္အားျဖည့္တင္းမႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ႀကီးမားလာခဲ့ေပမဲ့ လုံေလာက္တဲ့စြမ္းေဆာင္ရည္ထုတ္ျပႏိုင္ျခင္းမ႐ွိေသးတာေၾကာင့္ လမ္းပတ္ရဲ႕ခ်ယ္ဆီးအသင္းဟာေဝဖန္မႈေတြခံေနရပါတယ္။ လူစုံပြဲထုတ္လို႔မရေသးတာေၾကာင့္လို႔အေၾကာင္းျပခ်က္ေပးလို႔ရေပမဲ့ အႏိုင္ရ႐ွိသင့္တဲ့ပြဲေတြမွာအႏိုင္မယူႏိုင္ခဲ့တာကေတာ့ လမ္းပတ္ရဲ႕နည္းစနစ္ပိုင္းလိုအပ္ခ်က္ကိုဘဲအျပစ္တင္ရမွာျဖစ္ပါတယ္။

ခ်ယ္ဆီးကဒီရာသီမွာယွဥ္ၿပိဳင္ကစားထားခဲ့တဲ့ပရီးမီးယားလိဂ္သုံးပြဲမွာ တစ္ပြဲႏိုင္တစ္ပြဲသေရတစ္ပြဲ႐ႈံးနိမ့္ထားၿပီး လီဗာပူးကို႐ႈံးနိမ့္တာကိုလက္ခံလို႔ရေပမဲ့ ၀က္စ္ဘ႐ြန္းလိုအသင္းမ်ိဳးကိုေနာက္ကလိုက္ကစားပီးသေရရလဒ္သာရယူႏိုင္ခဲ့တာကို ၾကည့္ျခင္းအားျဖင့္တည္ၿငိမ္မႈမ႐ွိေသးတာကိုျမင္ေတြ႕ႏိုင္ပါတယ္။ယခုပြဲစဥ္မွာေတာ့အမွားခံမရတာေၾကာင့္လမ္းပတ္အေနနဲ႔ေသခ်ာျပင္ဆင္လာမွာျဖစ္သလို ဇီယက္ခ်္ကလြဲက်န္အဓိကကစားသမားအစုံအလင္ပါ၀င္လာႏိုင္မွာျဖစ္ပီး ပူလီဆစ္ကေတာ့ပြဲထြက္ကစားသမားအျဖစ္မဟုတ္ေတာင္ဒုတိယပိုင္းေလာက္ျမင္ေတြ႕ႏိုင္မွာပါ။

ခရစ္ပဲေလ့စ္အသင္းကေတာ့ပရီးယားလိဂ္သုံးပြဲယွဥ္ၿပိဳင္ကစားပီးခ်ိန္မွာ ဒီရာသီေျခတက္ေနတဲ့အဲဗာတန္အသင္းကို႐ႈံးနိမ့္ခဲ့ပီး ေဆာက္သမ္တန္နဲ႔မန္ယူအသင္းတို႔ကိုအႏိုင္ယူႏိုင္ခဲ့တာကိုၾကည့္ျခင္အားျဖင့္ ခ်ယ္ဆီးအေနနဲ႔ေပါ့ဆလို႔မရတာကေတာ့အေသအခ်ာပါဘဲ။ ဇာဟာ၊ ေတာင္းဆန္႔တို႔လိုကစားသမားေတြပိုင္ဆိုင္ထားပီးအသင္းလိုက္ကစားအားလဲေကာင္းမြန္တာေၾကာင့္ ခ်ယ္ဆီးအေနနဲ႔ေပါ့ဆခဲ့ရင္ ခံစားသြားရမွာျဖစ္ပါတယ္။

အိမ္ကြင္းလဲျဖစ္ မျဖစ္မေနအႏိုင္ရ႐ွိဖို႔ကလဲလိုအပ္ေနတာေၾကာင့္ ခ်ယ္ဆီးအေနနဲ႔ေသခ်ာဂ႐ုစိုက္ကစားလာမွာျဖစ္ပီး ခံစစ္ကအမွားအယြင္းနည္းနည္းနဲ႔ကစားႏိုင္ခဲ့မယ္ဆိုရင္လမ္းပတ္အတြက္အသက္႐ႈေခ်ာင္ေစမဲ့ အႏိုင္သုံးမွတ္ကိုေသခ်ာေပါက္ရယူႏိုင္မွာျဖစ္ပါတယ္။
ပြဲၿပီးခန္႔မွန္းရလဒ္.......
ခ်ယ္ဆီး 2-0 ခရစ္စတယ္ပဲေလ့ခ်္
@ThiHa

Comments